Hi, I'm PT
Design & Dev
UX/UI ဒီဇိုင်းနဲ့ WordPress ဝက်ဘ်ဆိုက်တွေ လုပ်လာတာ ၅ နှစ်ရှိပါပြီ။ လာကြည့်တဲ့သူတွေ လိုတာကို အလွယ်တကူရှာတွေ့ပြီး အဆင်ပြေပြေ သုံးနိုင်ဖို့ ဒီဇိုင်းကနေ တည်ဆောက်တဲ့အထိ လုပ်ပေးပါတယ်။
01 နောက်ဆုံးလုပ်ထားတဲ့ အလုပ်တွေ
02 အသုံးပြုတဲ့ နည်းပညာတွေ
-
Figma
-
WordPress
-
Greenshift -
Wix
-
Canva
-
Illustrator
-
Airtable
-
Meta
03 မေးလေ့ရှိသော မေးခွန်းများ
1. ဝက်ဘ်ဆိုက်အတွက် ဘာတွေ လုပ်ပေးလဲ။
UX/UI ဒီဇိုင်းကနေ ဝက်ဘ်ဆိုက်တည်ဆောက်တဲ့အထိ လုပ်ပေးပါတယ်။ WordPress ဝက်ဘ်ဆိုက်တွေ၊ WooCommerce အွန်လိုင်းဆိုင်တွေ၊ on-page SEO နဲ့ ဝက်ဘ်ဆိုက်ထိန်းသိမ်းတဲ့ ဝန်ဆောင်မှုတွေလည်း ရပါတယ်။
2. ဝက်ဘ်ဆိုက်တစ်ခုလုပ်ဖို့ ဘယ်လောက်ကြာလဲ။
ပုံမှန် လုပ်ငန်းဝက်ဘ်ဆိုက်ဆို ၃ ပတ်ကနေ ၆ ပတ်လောက် ကြာပါတယ်။ အွန်လိုင်းဆိုင်ကြီးတွေ၊ လိုအပ်ချက်အလိုက် သီးသန့်ရေးရတဲ့ web app တွေဆို ၂ လကနေ ၃ လလောက် ကြာနိုင်ပါတယ်။ ဘာတွေလိုမလဲ ဆွေးနွေးပြီးရင် အချိန်ဘယ်လောက်ယူမလဲ ပြောပေးပါမယ်။
3. ဖုန်းနဲ့လည်း အဆင်ပြေပြေ သုံးလို့ရမလား။
ရပါတယ်။ ဝက်ဘ်ဆိုက်တိုင်းကို ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာမှာ ကြည့်လို့၊ သုံးလို့ အဆင်ပြေအောင် တည်ဆောက်ပြီး စမ်းသပ်ပေးပါတယ်။
4. ဝက်ဘ်ဆိုက်လုပ်ရင် SEO ပါလား။
အခြေခံ on-page SEO ပါပါတယ်။ စာမျက်နှာခေါင်းစဉ်နဲ့ ဖော်ပြချက်တွေ ထည့်ပေးတာ၊ ခေါင်းစဉ်အဆင့်တွေ စနစ်တကျထားတာ၊ ဝက်ဘ်ဆိုက်မြန်မြန်ပွင့်အောင်နဲ့ ဖုန်းမှာ ကောင်းကောင်းသုံးနိုင်အောင် လုပ်ပေးတာတွေ ပါဝင်ပါတယ်။
5. စာနဲ့ပုံတွေကို ကိုယ်တိုင် ပြင်လို့ရမလား။
ရပါတယ်။ WordPress လို CMS နဲ့ တည်ဆောက်ထားရင် code ရေးစရာမလိုဘဲ စာ၊ ပုံနဲ့ ကုန်ပစ္စည်းအချက်အလက်တွေ ပြင်နိုင်ပါတယ်။ ဘယ်လိုပြင်ရမလဲဆိုတာလည်း သင်ပေးပါတယ်။
6. ရှိပြီးသား ဝက်ဘ်ဆိုက်ကို ဒီဇိုင်းပြန်ပြင်ပေးလား။
ပြင်ပေးပါတယ်။ လက်ရှိဆိုက်မှာ ဘာတွေ အဆင်မပြေလဲ အရင်ကြည့်ပြီး ဒီဇိုင်းနဲ့ အသုံးပြုပုံကို ပြန်ပြင်ပေးပါတယ်။ လက်ရှိ SEO ကိုလည်း ထည့်စဉ်းစားပြီး လာကြည့်တဲ့သူတွေ ပစ္စည်းဝယ်ဖို့၊ ဆက်သွယ်ဖို့ ပိုလွယ်အောင် လုပ်ပေးပါတယ်။
7. ဝက်ဘ်ဆိုက်ပြီးသွားရင်လည်း ဆက်ပြီး ကြည့်ပေးလား။
ကြည့်ပေးပါတယ်။ Update လုပ်တာ၊ backup သိမ်းတာ၊ လုံခြုံရေးစစ်တာနဲ့ ဝက်ဘ်ဆိုက်မြန်မြန်အလုပ်လုပ်အောင် ထိန်းသိမ်းတာတွေ ပါတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ ရှိပါတယ်။